Server ပိုင်းကို စိတ်ဝင်စားကြတဲ့ ညီအကို မောင်နှမ တွေ မေးလေ့မေးထ ရှိတဲ့ ..Microsoft Certification ထဲက MCSA Windows Server ပိုင်းကို ပြောပြချင်ပါတယ်..
အကုန်လုံးတော့ စုံလင်အောင် မပြောနိုင်ပေမဲ့ ..MCSA Windows Server ပိုင်းကို အထိ ကထားပြောပေးပါ့မယ်။
Microsoft Certification တွေက
1) Microsoft Technology Associate
2) Microsoft Certified Professional
3) Microsoft Certified System Associate
4) Microsoft Certified System Engineer
ဆိုပြီးရှိပါတယ်..။အဲဒီအထဲက Engineer Level ကလွဲလို့ …ကျန်တဲ့ သုံးခုကို ဘာလိုအပ်ချက်မှ မလို ပဲ တိုက်ရိုက်ဖြေဆိုလို့ ရပါတယ်။
လက်မှတ်တွေအတွက် Expired ၇ှိပါတယ်.။ လက်မှတ် တစ်ခု ရဲ့  သက်တမ်းဟာ ၂ နှစ် သုံးနှစ်ပဲ ပေးပါတယ်။ပြီးတော့ Expired မဖြစ်အောင်က လက်ရှိကိုင်ထားတဲ့ လက်မှတ်နဲ့ ပတ်သတ်တဲ့ .စားမေးပွဲ ကို ပြန်ဖြေပြီး သက်တမ်း တိုးလို့ ရသလို့ .နောက် Level တစ်ခု ကို ထပ် ဖြေပြီးလဲ သက်တမ်းတိုးနိုင်ပါတယ်။
MTA နဲ့ ..MCP လက်မှတ်ကတော့ Expired တော့ မရှိပါဘူး.။ ဒါပေမဲ့ ဒီCertificates တွေကို microsoft က တစ်ခုတော့ ပြောထားပါတယ် အဲဒီလက်မှတ်တွေက Expired မရှိပေမဲ့ …ကိုယ်ဖြေထားတဲ့ လက်မှတ်အတွက် ထုတ်ထားတဲ့ Product ကို Support မပေးတော့ ဘူးဆိုရင်တော့ အလိုလိုနေရင်း Expired ဖြစ်သွားပါတယ်..။ အဲဒီအခါကျရင် နောက်ထပ်အသစ်ထွက်လာတဲ့ Product ကို စာမေးပွဲထပ်ဖြေပြီးမှ သာ သက်တမ်းတိုးနိုင်ပါတယ်။
MCSA ရဲ့ ..အရှည်က Microsoft Certified System Associate ပါ။ အဲဒီ MCSA မှာလဲ ဘာသာရပ်ဆိုင်ရာ တခြား လမ်းကြောင်းအတွက် MCSA တွေရှိပါတယ်.. အဲဒါတွေ က
1. MCSA: BI reporting
2. MCSA: Cloud Platform
3. MCSA: Data engineering with Azure
4. MCSA: Linux on Azure
5. MCSA: Machine Learning
6. MCSA: Microsoft Dynamics 365
7. MCSA: Microsoft Dynamics 365 for Operations
8. Office 365
9. MCSA: SQL 2016 BI Development
10. MCSA: SQL 2016 Database Administration
11. MCSA: SQL 2016 Database Development
12. MCSA: SQL 2016 2012/2014
13. MCSA: Universal Windows Platform
14. MCSA: Web Applications
15. MCSA: Windows 10
16. MCSA: Windows Server 2012
17. MCSA: Windows Server 2016
အဲဒီ MCSA တွေထဲမှာ Windows Server ကို စိတ်ဝင်စားတဲ့ သူတွေက MCSA: Server 2012 နဲ့ . Server 2016 ဆိုပြီး ဖြေကြတာများပါတယ်။
အဲဒီ လက်မှတ်ကို အတွက် က စာမေးပွဲ သုံးခု ဖြေရပါတယ်။ အဲဒါတွေက Server 2012 ဆိုရင်
1) Exam 70-410 (Installing and Configuring Windows Server 2012)
2) Exam 70-411 (Administering Windows Server 2012)
3) Exam 70-412 (Configuring Advanced Windows Server 2012)
Server 2016 အတွက်ဆိုရင်က
1) Exam 70-740 (Installation, Storage, and computer with Windows Server 2016)
2) Exam 70-741 (Networking with Windows Server 2016)
3) Exam 70-742 (Identity with Windows Server 2016)
အသေးစိတ်ကိုတော့ အောက်ပါ microsoft site Link အတိုင်း သွားကြည့်နိုင်ပါတယ်။
https://www.microsoft.com/…/learning/mcsa-certification.aspx
MCSA Server ဖြေမယ်ဆိုရင် တစ်ခြား ဘယ် requirements မှာမလိုပဲ..လေ့လာပြီးဖြေလို့ ရပါတယ်။
Windows Server ပိုင်းကို MCSA သုံးဘာသာလုံးကို အကုန်လုံး လေ့လာမှာ သာ အနည်းငယ် နှံစပ်မှာ ဖြစ်မှာပါ။
ဒါပေမဲ့ … လုပ်ငန်းခွင် အတွေအကြုံနဲ့ ပါ ပေါင်းစပ်လေ့လာမှာ သာ ပိုပြီးတော့ ကျွမ်းကျင်တတ်မြောက်နိုင်ပါ။
စာမေးပွဲကြေးကတော့ ဖြေဆိုသူ ရဲ့ နိုင်ငံအလိုက် ကွာခြားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ဖြေမယ်ဆိုရင်တော့ $80 ပါ။ Pearson အသိအမှတ်ပြု တဲ့ မည့်သည် Exam Center မှာ မဆို ဖြေလို့ ရပါတယ်။
အောက်ပါ Local exam center တွေမှာ လဲ ဖြေလို့ ရပါတယ်။
1) KMD Exam Center
2) Link to Link
3) Global Net
4) Youth Exam Center
5) BIM Exam Center
Center ကြေးအနေ နဲ့ ကတော့ 15000 ကနေ သုံးသောင်းဝန်းကျင်လောက်ထိရှိပါတယ်။ KMD မှာ ဖြေချင်ရင်တော့ တစ်ရက်ကြိုပြီး နာမည်ပေးထားပြီးဖြေလို့ ၇ပါတယ်။
စာမေးပွဲဖြေပြီးတာနဲ့ Exam Result ထွက်လာပါတယ်။ ဘာသာရပ်တိုင်းကိုတော့ အမှတ်ပြည့် ၁၀၀၀ ပေးထားပါတယ်။ အနည်းဆုံး အမှတ် ၇၀၀ ရရင်တော့ စာမေးပွဲ အောင်ပါတယ်။ Exam နဲ့ ပါတ်သတ်ပြီး Detail ထပ်သိချင်ရင် အောင်ပါ Link မှာ သွားကြည့်နိုင်ပါတယ်။
https://www.microsoft.com/…/certification-exam-policies.asp…
#Crd_KO Kaung Thu

Comments

Popular posts from this blog

Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း

Memory Stick ပြုပြင်နည်း

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း