Posts

Showing posts from September, 2017

facebook အကောင့်လုံခြုံရေး

facebook အကောင့်လုံခြုံရေး နှင့် hackခံရရင် အလွယ်ပြန်ယူနည်းပါ ၁=ဒါက hackခံရင် ပြန်ယူဖို့ပါ 1=account settings ၀င်ပါ••• 2=Security ၀င်ပါ••• 3=Use tow-factor authentiction ၀င်ပါ••• 4=App passwords ၀င်ပါ••• 5=Generate app passwords နှိပ်ပါ••• 6=နာမည် တစ်ခုခုထည့်ပါ••• 7=Generateနှိပ်ပါ••• 8=ရလာတဲ့codeကို ssရိုက်ပြီးသိမ်း အဲcodeသည် သင့်fbရဲ့passwordဖြစ်တယ်••• 9=fb profile link copyယူပါ••• နောက်ဆုံးကနံပါတ်တွေဘဲသိမ်းထားပါ••• တချိုးသူ့တွေက နာမည်ပေးထားရင် နံပါတ်မပြပါဘူး ပေးထားတဲ့နာမည်ဘဲ ပြပါမယ်••• အဲနာမည်ဘဲသိမ်းထားပါ••• 10=fb profileက codeကို mailနေရာမှာထည့်ပါ••• app passwords လုပ်လို့ရလာတဲ့ codeကို passwordဖြည့်ပြီးဖွင့်ပြီး••• သင့်အကောင့်ပြန်ယူလို့ရပါပြီ•••••••• မှတ်ချက် = app passwords က onဖြစ်နေရပါမယ် မဖြစ်ပါက သင်fbကို ph setupမခံရသေးလို့ပါ ၂=ဒါက phsetupခံဖို့ပါ 1=ph setupခံဖို့ အပေါ်ဆုံးက tow-factor authentictionကို အမှန်ပေးလိုက်ပါ ခစောင့်ပါ••• 2=အဲမှာ သင့်Fb ပတ်စ၀ပ်ထည့်ပါ Continueလုပ်လိုက်ပါ•••

ကွန်ပျူတာတစ်လုံးကို Secure ဖြစ်အောင်အသုံးပြုမယ်

Image
ကွန်ပြူတာ တလုံးခြင်း စီဘဲ ဖြစ်ဖြစ်၊ ကွန်ပြူတာ များစွာကို ဆက်သွယ်ထားတဲ့ Network ဘဲဖြစ်ဖြစ်၊ security သည် လွန်စွာ အရေးကြီးပါတယ်။ ကွန်ပြူတာ တလုံးခြင်း စီရဲ့ security ကို အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။ (၁) Security တွင် အားသာချက်ရှိသော Windows OS ကို ရွှေးချယ် အသုံးပြုခြင်း။ Windows OS များတွင် ပုံမှန်အားဖြင့် version မြင့်လာလေ security ပို ပြီးအားကောင်းလာလေဖြစ်ပါတယ်။ (၂) Windows OS ကို အသုံးပြုရာ တွင် ဖြစ်နိုင်လျှင် Pirate OS ကို မသုံးဘဲ၊ license နှင့် Windows ကိုသာ ရွှေးချယ် အသုံးပြုခြင်း။ Pirate Windows များသည် အများအားဖြင့် virus ပါသည့် အပြင်၊ Windows patch များကို လည်း update လုပ်၍ မရနိင်ပါ။ (၃) Windows ကို install လုပ်ပြီးပြီး ခြင်း၊ Microsoft ၏ Security Essentials နှင့် အခြား မိမိ ကြိုက်နှစ်သက် ရာ Antivirus Software တခုခုကို install လုပ်ထားခြင်း။ သင်၏ ကွန်ပြူတာ သည် လုံလောက်စွာ၊ မြန်ဆန်ပါက၊ အနည်းဆုံး Antivirus Software နှစ်ခုလောက် install လုပ်သင့်ပေသည်၊ ထို Antivirus Software တို့၏ virus definition file ကိုလည်း စ

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း

Image
Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း ============================================= ကွန်ပျူတာ သုံးစွဲတာ ကြာမြင့်လာတဲ့အခါ Window System Error ပြသနာတွေ ပေါ်လာတက်ပြီး ကွန်ပျူတာရဲ့ မြန်နှုန်းက နှေးကွေးလာတက် ပါတယ်။ ပြီးရင် ကွန်ပျူတာက ပုံမှန်သုံးစွဲလို့ မရဘဲ ခဏ ခဏ ရပ်တန့် နေတက်ပါတယ်။ အဲဒီအခါမျိုးမှာ Hard Disk ကို Format လုပ်ပြီး Windows System ကို ပြန်တင် ပေးရပါတယ်။ ပြန်တင်မယ်ဆိုရင်တော့ Windows System Recovery Control Panel ထဲက Recovery ကနေ ပြီး တင်ပေးရပါမယ်။ Recovery ကနေ Windows ပြန်တင်တဲ့အခါ System ပိုင်းကိုဘဲ တင်ပေးတာ ဖြစ်လို့ Data File တွေက အပြောင်းအလဲမရှိဘဲ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ကြည့်မည်ဆိုရင်တော့ Recovery နဲ့ Windows ပြန်တင်မယ်ဆို ရင် အရင်ဆုံး ဘယ် Program မှ မဖွင့်ဘဲ နဲ့ Windows တင်ပါ။ ပြီးရင် Control Panel ထဲ Recovery ကို ရွေးချယ်တစ်ချက်နှိပ်ပါ။ ထပ်မံပေါ်လာတဲ့ ပုံစံကွက်ထဲက Open System Restore ကို ရွေးချယ်နှိပ်ပါ။ နောက်ထပ်ပေါ်လာမည့် ပုံစံကွက်ထဲက Next ကိုနှိပ်ပါ။ ဆက်လက်ပေါ်လာတဲ့ ပုံစံကွက်ထဲမှာ နောက်ဆုံး Window Update လုပ်ခဲ့တဲ့ နေ့ရက်ကို ဖော်ပြေ

Domain Name ဆိုတာဘာလဲ ?

Image
What is Domain ??? Domain ဆိုတာ Internet ပေါ်ကလိပ်စာတစ်ခုပါပဲ။ကျွန်တော်တို့လူတစ်ယောက်ဆီကိုသွားချင်တဲ့အခါမှာ အဲ့လူနေထိုင်တဲ့လိပ်စာကိုသိမှသွားလို့ရမှာဖြစ်သလို ၊ Internet ပေါ်မှာ Website တစ်ခုကိုကြည့်ချင်တယ်ဆိုရင်လည်း အဲ့ Website ရဲ့ Domain ကိုသိမှအဆင်ပြေမှာပါ။လိပ်စာတွေဟာ တစ်ခုနဲ့တစ်ခု လမ်းနံပါတ်၊အိမ်နံပါတ်၊မြို့နယ် မတူသလို၊ Domain တွေမှာလည်း နာမည်တူ၊ Extension တူ Domain ဆိုတာမရှိပါဘူး။ Domain တွေမှာ TLDs and CCTLDs ဆိုပြီးရှိပါတယ်... What is TLDs ??? Top Level Domain ကိုခေါ်တာပါ။ TLDs မှာ.... .com .org .net .info .org ဆိုပြီး Extension ပေါင်းထောင်ကျော်ရှိပါတယ်။ What is CCTLDs ??? Country Code Top Level Domain ကိုခေါ်တာပါ။ CCTLDs မှာ... .com.mm .net.mm .com.us .net.us ဆိုပြီး Country Name တွေပါလာပါတယ်။ Domain ကိုကြည့်လိုက်တာနဲ့ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။
Image
Facebook ID လော့ နှင့် အခြား လော့များ ============================== Facebook သည် report ဆိုသည့် စကားလုံးမြင်တာ နဲ့ လော့ချလိုက်တာ တွေ့လာရပါသည်။ ခဏခဏ re port ထုသူနှင့် report အထုခံရသူကို မှတ်ထားပြီး မျက်နှာသာ မပေးဘဲလော့ လိုက်ချလိုက် တာတွေ့လာရပါသည်။ အမေရိကန် နိုင်ငံ သူတစ်ယောက်သည် စီးပွားရေးကြော်ငြာ တစ်ခု အတွက် page ထောင်ပြီး Facebook ကို အခွန်နှင့် ငွေပေးသွင်းပြီး 'ad' လုပ်သုံးစွဲနေပါသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် အကောင့် ပိုင်ရှင်ကို လော့ချ လိုက်သောကြောင့် Facebook သည် ငွေပေးငွေယူ ကိစ္စ မပြီးပြတ် သေး ဘဲနှင့် လော့ချ တတ်ကြောင်းတွေ့ လာရသည်။ ငွေပေးငွေ ယူ ကိစ္စမရှင်း လင်းသေး ဘဲ လော့ကျ သွားသည့် account ပိုင်ရှင်သည် Facebook ကို အရေးဆို ပြီး account ပြန်တောင်းသော်လည်း ပြန်လည် မရရှိပေ။ ဒါ့ကြောင့် ဆဲချင် ဆိုချင် လျင် main account နှင့် မဝုန်း ဘဲ ၁၅၀၀ တန် အကောင့်ဖြင့်သာ ဝုန်းကြပါ လို့ပြောပါရစေ။ အကြောင်း အမျိုးမျိုး ကြောင့် လော့ကျ နေသည့် အကောင့် များသည်လည်း case by case တာဝန်ယူထားတဲ့ သက်ဆိုင် ရာ email များမှ facebookကိုတိ

Digital Marketing ကို Facebook မှာ ထိရောက်စွာ အသုံးပြုဖို့ ဆောင်ရွက်ရမည့် နည်းလမ်း (၂၀)

Image
Digital Marketing ကို Facebook မှာ ထိရောက်စွာ အသုံးပြုဖို့ ဆောင်ရွက်ရမည့် နည်းလမ်း (၂၀) ================ ဝေဖြိုးအောင် (AIT Computer) ယခု အချိန်မှာ လူတိုင်း Sma rt Phone ကိုင်နေနိုင်ပြီး ဖြစ်ပါတယ်။ Smart Phone ဖြစ်တဲ့ အတွက်လည်း အင်တာနက်စနစ်၊ အင်တာနက် အသုံးပြုတဲ့ Software Application များ ပါဝင်လာသဖြင့် စမတ်ဖုန်း အသုံးပြုသူတိုင်း အင်တာနက် အသုံးပြုကြပါတယ်။ အင်တာနက် အသုံးပြုသူတိုင်းလည်း Facebook အသုံးပြုသူ များပြားလာလို့ စမတ်ဖုန်းကိုင်တဲ့သူတိုင်း Facebook မှာ ရှိနေကြပါတယ်။ လူတော်တော်များများ Facebook အသုံးပြုလာကြလို့ မိမိ စီးပွားရေးအကြောင်းကို လူအများသိအောင် ကြေငြာဖို့ Facebook ဟာ Digital Marketing ရဲ့ အကြီးမားဆုံး Platform ဖြစ်လာပါတယ်။ ဒါဟာ စီးပွားရေးလုပ်ငန်းလုပ်သူတိုင်းအတွက် ကြီးမားတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်။ ခုမှ လုပ်ငန်းလုပ်ကိုင်မည့်သူ Startup များ၊ စွန့်ဉီးတီတွင် Entrepreneur များအတွက်လည်း ငွေမကုန် လူမပန်း လုပ်ငန်းစနိုင်တဲ့ နေရာဖြစ်လာပါတယ်။ မြေဈေး၊ နေရာဈေး၊ ဆိုင်ခန်းဈေးများ အဆမတန် ဈေးတက်နေတဲ့အချိန်မှာ အခမဲ့ရတဲ့ Facebook Account တစ်ခုနဲ့ Facebook Page များစွာကို အ

Facebook Marketing (or) Digital Marketing

Image
Facebook Advertising လုပ်တဲ့အခါ ကိုယ်targetထားချင်တဲ့ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း နေရာဒေသသတ်မှတ်ပြီး ပစ်မှတ်ထားကာကြော်ငြာလို့ရပါတယ်။ (၁) Target ကိုတိတိကျကျရွေးပါ။ Facebook မှာကြော်ငြာလုပ်တဲ့အခါ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း ပစ်မှတ်ထားပြီးကြော်ငြာလို့ရပါတယ်။(ဥပမာ - Mobile Phoneအသုံးပြုတဲ့သူတွေ၊ များသောအားဖြင့် လူငယ်တွေ အသက် 18 နှစ်ကနေ 38 အတွင်း)လူတွေကို အဓိကထား Tareget လုပ်သင့်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၆၀ အထိ လူအားလုံးကို Target လုပ်လိုက်တဲ့အခါ ရွေးချယ်လိုက်တဲ့ Target ကကျယ်သွားပြီး ကိုယ့်ရဲ့ပစ္စည်းကို စိတ်မ၀င်စားတဲ့သူတွေကို သွားပြမိတဲ့အခါ ကြော်ငြာမထိရောက်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ (၂) နေရာဒေသ (Location) အလိုက် ရွေးချယ်ပြီးကြော်ငြာပါ။ Location ရွေးတဲ့အခါမှာလည်း ကိုယ်ပစ်မှတ်ထားတဲ့နေရာဒေသအလိုက် (ဥပမာ ရန်ကုန်မြို့တွင်းဘဲလား အခြားနယ်ပယ်အထိလားဆိုတာသေချာရွေးချယ်ပြီး Targetထားကာ ရွေးချယ်လို့ရပါတယ် ) Facebook Advertising Platform- Real Results လိုမျိုးတွေမှာတော့ အနည်းဆုံး (3) မိုင်အထိ ရွေးပြီးကြေ

Memory Stick ပြုပြင်နည်း

Image
 Memory Stick ပြုပြင်နည်း လေးပါ အရမ်းလွယ်ကူပါတယ်...... လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ် Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးပါ။ -သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။ ပထမဆုံး Test Disk ကို Run ပါ။ Cmd box တစ်ခုကျလာပါလိမ့်မည်။ -No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Ent

Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း

Image
Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း ============================ ဝေဖြိုးအောင် (AIT Computer) ADDC Server, DHCP Server, DNS Server, NAT Gateway S erver, ICS Gateway Server, File Server, Web Server, VPN Server, ISA Server, RIS Server တို့ရဲ့ အသုံးပြုရခြင်းအကြောင်းကို လေ့လာကြပါမည်။ ၁) ADDC Server နာမည်အရှည်က Active Directory Domain Controller ဖြစ်ပါတယ်။ Network ချိတ်ဆက်မှုမှာ အခြေခံအားဖြင့် Workgroup Network နဲ့ Domain Network ဆိုပြီး (၂) မျိုး ရှိပါတယ်။ ချိတ်ဆက်မှု ရရင်ပြီးရော လုံခြုံရေး Security ဗဟို ထိန်းချုပ်မှု Centralization မလိုအပ်တဲ့ Network လိုမျိုး ဥပမာ Net Game ဆိုင်၊ ကွန်ပျူတာအလုံးရေ အနည်းငယ်သာ ပါဝင်တဲ့ အိမ်တွင်းသုံး Home Network တွေမှာ Workgroup စနစ်ကို အသုံးပြုကြပါတယ်။ Workgroup Network စနစ်ဟာ ကွန်ပျူတာ အလုံးရေ (၂၀) ထိပဲ ကောင်းပါတယ်။ Theory အရတော့ (၁၀) လုံးပေါ့။ Domain Networking စနစ်ကို သုံးမယ်ဆိုရင် Server OS တစ်ခုခုကို အသုံးပြုကြ ရပါတယ်။ ဒီစာအုပ်နဲ့ခွေမှာ Microsoft Windows Server 2003 ကို အသုံးပြု သင်ကြားပေးထားပါတယ်။ အဲဒီအတွက် Server

Facebook Setting ကျွမ်းကျင်စွားသုံးတက်အောင်လို့

Image
Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့်ေ တွဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။ တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်... သိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပါ။ဒါပေမယ့် အခြေခံကနေစပြီးလေ့ လာနိုင်အောင်တင်ပေးလိုက်တာပါ။ General account settings --------------------------------------------------- Name =ဆိုတာကတော့မိမိနာမည်ပါ။ Username =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။ Email =ကတော့မိမိရဲ့အီးမေးလိပ်စာပါ။ Networks =ဆိုတာက သာမန်userတစ်ယောက်အနေနဲ့ မသုံးပါဘူး Language =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲ