ကွန်ပျူတာတစ်လုံးကို Secure ဖြစ်အောင်အသုံးပြုမယ်

ကွန်ပြူတာ တလုံးခြင်း စီဘဲ ဖြစ်ဖြစ်၊ ကွန်ပြူတာ များစွာကို ဆက်သွယ်ထားတဲ့ Network ဘဲဖြစ်ဖြစ်၊ security သည် လွန်စွာ အရေးကြီးပါတယ်။
ကွန်ပြူတာ တလုံးခြင်း စီရဲ့ security ကို အောက်ပါအတိုင်းပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။
(၁) Security တွင် အားသာချက်ရှိသော Windows OS ကို ရွှေးချယ် အသုံးပြုခြင်း။
Windows OS များတွင် ပုံမှန်အားဖြင့် version မြင့်လာလေ security ပို ပြီးအားကောင်းလာလေဖြစ်ပါတယ်။
(၂) Windows OS ကို အသုံးပြုရာ တွင် ဖြစ်နိုင်လျှင် Pirate OS ကို မသုံးဘဲ၊ license နှင့် Windows ကိုသာ ရွှေးချယ် အသုံးပြုခြင်း။
Pirate Windows များသည် အများအားဖြင့် virus ပါသည့် အပြင်၊ Windows patch များကို လည်း update လုပ်၍ မရနိင်ပါ။
(၃) Windows ကို install လုပ်ပြီးပြီး ခြင်း၊ Microsoft ၏ Security Essentials နှင့် အခြား မိမိ ကြိုက်နှစ်သက် ရာ Antivirus Software တခုခုကို install လုပ်ထားခြင်း။
သင်၏ ကွန်ပြူတာ သည် လုံလောက်စွာ၊ မြန်ဆန်ပါက၊ အနည်းဆုံး Antivirus Software နှစ်ခုလောက် install လုပ်သင့်ပေသည်၊ ထို Antivirus Software တို့၏ virus definition file ကိုလည်း စဉ်ဆက်မပြတ် update လုပ်ရမည်ဖြစ်သည်။
(၄) Microsoft မှ အခါအားလျှော်စွာ ထုတ်ပြန်ပေးသော security နှင့် ပတ်သsက်သော Windows patch များကို ချက်ခြင်း update လုပ်ခြင်း။
Microsoft သည် Windows ၏ security နှင့် ပတ်သက်သော patch များကို ထုတ်ပြန်ပေးလေ့ရှိသည်၊ ထို့ကြောင့် Microsoft မှ ထုတ်ပြန် ပြီးသည်နှင့် သိရှိနိုင်ရန်၊ ၎င်း ၏ website တွင် subscribe ပြုလုပ်ထားပါက၊ Microsoft သည် သင်ဆီသို့ email ပေးပို့ အကြောင်းကြားမည်ဖြစ်ပေသည်။
(၅) Windows firewall ကို ON ထားခြင်း။
Windows ၏ firewall ကို ON ထားခြင်းကြောင့်၊ မိမိ၏ ကွန်ပြူတာ အတွက် အမှန် တကယ် အသုံးပြု မည့် TCP/IP port များကို သာ ဖွင့်ထားခြင်းကြောင့် တိုက်ခိုက်ရန်လွယ်ကူမည် မဟုတ်တော့ပါ။
(၆) Third Party Software များအတွက် ထုတ်ပြန်သော patch များကိုလည်း install လုပ်ခြင်း။
Windows OS သာ မကဘဲ သင်၏ ကွန်ပြူတာ တွင် install လုပ်ထားသော software များမှ အခါ အားလျှော်စွာ ထုတ်သော security patch များကို install လုပ် ပေးရန်လည်းလို အပ်ပါသည်။
(၇) Security ကောင်းသော web browser ကို ရွှေးချယ် အသုံးပြုခြင်း။
Internet surfing အတွက် အသုံးပြုသော web browser သည် ကောင်းမွန်သော security features များပါသင့် ပေသည်။
(၈) https:// ကို အသုံးပြုခြင်း။
Web surfing လုပ်ရာတွင် http:// အစား https:// ကို အသုံးပြုခြင်းကြောင့် သင် အသုံးပြုနေသော data ကို အလွယ်တကူ ဝင်ရောက် ကြည့် ရှုရန် မဖြစ်နိုင်တော့ပေ၊ ဥပမာ။ ။ login name နှင့် password
(၉) download, attachment နှင့် memory stick များကို scan လုပ်ပြီးမှ အသုံးပြုခြင်း။
သင်သည် အင်တာနက် မှ download လုပ်ထားသော ဖိုင်ကို ဖြစ်စေ၊ email မှ attachment ကို ဖြစ်စေ၊ USB ကဲ့သို့သော memory stick များကို ကွန်ပြူတာ တွင် အသုံးပြုသည့် အခါတွင် ဖြစ်စေ၊ မိမိ ကြိုက်နှစ်သက် ရာ Antivirus software တခုခုနှင့် ဦးစွာ scan ပြုလုပ်သင့်ပေသည်။
(၁၀) မည်သည့် အတွက် password ကို အသုံးပြုသည် ဖြစ်စေ မိမိ အသုံးပြုသည့် password သည် strong ဖြစ်ဖို့ လိုအပ်ပါတယ်၊ ၈ လုံးထက်ပိုပြီး small, big, numbers, special character များကို ပေါင်းစပ် အသုံးပြုကာ strong password များကို ဖန်တီး နိုင်ပါတယ်။ ၎င်းအပြင် passphrase များ ကိုလည်း password အဖြစ် အသုံးပြုနိုင်ပါတယ်။
#it #itworld
#informationtechnologyworld

Comments

Popular posts from this blog

Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း

Memory Stick ပြုပြင်နည်း

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း