Facebook Marketing (or) Digital Marketing

Facebook Advertising လုပ်တဲ့အခါ ကိုယ်targetထားချင်တဲ့ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း
နေရာဒေသသတ်မှတ်ပြီး ပစ်မှတ်ထားကာကြော်ငြာလို့ရပါတယ်။
(၁) Target ကိုတိတိကျကျရွေးပါ။
Facebook မှာကြော်ငြာလုပ်တဲ့အခါ အသက်အရွယ်အားဖြင့်သော်လည်းကောင်း၊ စိတ်ဝင်စားမှုအားဖြင့်သော်လည်းကောင်း ပစ်မှတ်ထားပြီးကြော်ငြာလို့ရပါတယ်။(ဥပမာ - Mobile Phoneအသုံးပြုတဲ့သူတွေ၊ များသောအားဖြင့် လူငယ်တွေ အသက် 18 နှစ်ကနေ 38 အတွင်း)လူတွေကို အဓိကထား Tareget လုပ်သင့်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၆၀ အထိ လူအားလုံးကို Target လုပ်လိုက်တဲ့အခါ ရွေးချယ်လိုက်တဲ့ Target ကကျယ်သွားပြီး ကိုယ့်ရဲ့ပစ္စည်းကို စိတ်မ၀င်စားတဲ့သူတွေကို သွားပြမိတဲ့အခါ ကြော်ငြာမထိရောက်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။
(၂) နေရာဒေသ (Location) အလိုက် ရွေးချယ်ပြီးကြော်ငြာပါ။
Location ရွေးတဲ့အခါမှာလည်း ကိုယ်ပစ်မှတ်ထားတဲ့နေရာဒေသအလိုက် (ဥပမာ ရန်ကုန်မြို့တွင်းဘဲလား အခြားနယ်ပယ်အထိလားဆိုတာသေချာရွေးချယ်ပြီး Targetထားကာ ရွေးချယ်လို့ရပါတယ် ) Facebook Advertising Platform- Real Results လိုမျိုးတွေမှာတော့ အနည်းဆုံး (3) မိုင်အထိ ရွေးပြီးကြော်ငြာလို့ရနေပါပြီ။
(၃) ကြော်ငြာတစ်ခုကို တစ်ကြိမ်မြင်ရုံနဲ့ တုံ့ပြန်မှုပေးလေ့မရှိတာကို သတိပြုပါ။
ဒါကတော့ကိုယ့်ကြော်ငြာလိုက်တဲ့ ကြော်ငြာရဲ့Reach နှင့် Impression ကိုဖော်ပြခြင်းဖြစ်ပါတယ် ။လူကြီးမင်းတို့၏ ကြော်ငြာကို တစ်ခါတည်းမြင်ရုံနဲ့Customerတွေက တုံ့ပြန်မှုပေးလေ့မရှိကြပါဘူး။ (၅) ကြိမ်မှ (၆)ကြိမ်လောက်မြင်မှသာလျှင် သင့်ရဲ့လုပ်ငန်း၊ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မှတ်မိသွားပြီး တုံ့ပြန်မှုပေးလေ့ရှိတာကို လေ့လာဆန်းစစ်ချက်များအရ တွေ့ရပါတယ်။ဒါ့ကြောင့် သင့်ကြော်ငြာကို လူတစ်ယောက်တည်းကိုပဲ အကြိမ်အရေအတွက်များများမြင်အောင်ပြပြီး Impressionများများရအောင်လုပ်သင့်ပါတယ် ။
(၄) ပုံစံပြောင်းပြီး ကြော်ငြာကြည့်ပါ ။
ဒါကတော့ ကိုယ့်လုပ်ငန်းကို ကြော်ငြာနေကျပုံစံမဟုတ်ဘဲ ပုံစံတစ်မျိုးဖြင့် ပြောင်းလဲကြော်ငြာခြင်းဖြစ်ပါတယ် ။ လုပ်ငန်းတော်တော်များများက ကြော်ငြာလုပ်တဲ့အခါမှာ ကိုယ်ကြော်ငြာချင်တဲ့ Post တစ်ခုတည်းကိုပဲ ပုံမှန်အတိုင်းBoost လုပ်တာမဟုတ်ဘဲနဲ့ Advance အနေနဲ့ မတူတဲ့စာသားနဲ့သော်လည်းကောင်း၊ ကွဲပြားတဲ့ပုံအားဖြင့်သော်လည်းကောင်း ပုံစံအမျိုးမျိုးနဲ့စမ်းသပ်ပြီးတော့ ကြော်ငြာသင့်ပါတယ်။ ဒီလိုမျိုး အနည်းငယ်ကွဲပြားတဲ့ကြော်ငြာအမျိုးမျိုးပေးခြင်းအားဖြင့် ကိုယ့်Customer ရဲ့အကြိုက်ကိုလည်းသိနိုင်ပြီး မိမိရဲ့ကြော်ငြာထိရောက်မှု ရှိ/မရှိကို သေချာသိနိုင်ပါတယ်
(၅) Optimize လုပ်ဖို့လဲ အရေးကြီးပါတယ်
ကြော်ငြာလုပ်ပြီးတဲ့အခါမှာလည်း ဘယ်ကြော်ငြာကလူကြည့်များတယ်၊ ဘယ်ကြော်ငြာက အားသာချက်ရှိလဲ ဘယ်ကြော်ငြာကတော့ အားနည်းချက်ရှိတယ်ဆိုတာ ဘယ်ဟာကိုတော့နည်းတယ်အစရှိသဖြင့် နောက်ကွယ်ကနေ လိုအပ်သလို Optimize လုပ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါကလဲ Facebook Advertising လုပ်ရာတွင် အရေးကြီးဆုံးဖြစ်ပါတယ်

(၆) Page Likeထက် Post Likeကို ပိုမိုဦးစားပေးသင့်ပါတယ်
Page Like ၀ယ်တာမျိုး၊Page ကို Promote လုပ်တာမျိုးကိုတော့ မလုပ်ပါနဲ့ ။ မြန်မာနိုင်ငံမှာက Fans တွေအများကြီးရှိမှ လူအထင်ကြီးတာမျိုး၊ Page Popularity ဖြစ်တာ မှားယွင်း ယူဆကြပေမယ့် အမှန်တကယ်တော့ Page Like အများကြီးရှိပြီး Engagement မရှိရင် ထိရောက်မှုမရှိနိုင်ပါဘူး။Page ကို Promote လုပ်တာထက်စာရင် Post ကို Boost လုပ်တာက Facebook Advertising အတွက်ပိုမိုထိရောက်ပါတယ်

Comments

Popular posts from this blog

Networking မှာ မရှိမဖြစ် Server (၁၀) မျိုး အကြောင်း

Memory Stick ပြုပြင်နည်း

Control Panel ထဲက Recovery အကြောင်းအရာ အသုံးပြုနည်း